ယုံကြည်ခြင်း၏ အောင်ပွဲ
(၄) နှစ်သား Calvin (ကယ်လ်ဗင်) အတွက် ပုံမှန်ကျန်းမာရေးဆေးစစ်မှု လုပ်သည့် တစ်ကြိမ်တွင် ထင်မထားသောအစက်အပြောက်များကို သူ့ကိုယ်ပေါ်၌တွေ့ခဲ့သည်။ ထိုသို့စစ်ဆေးမှုလုပ်သည့် အချိန်အတွင်း ဆရာဝန်က သူ့အား ဆေးအနည်းငယ်ထိုးပေး၍ ထိုးခဲ့သောနေရာကို ပလာစတာနှင့် ကပ်ပေးခဲ့သည်။ အိမ်ပြန်ရောက်၍ ၎င်းကို ခွာချိန်ရောက်သောအခါ ကယ်လ်ဗင်က ကြောက်၍ တအီအီနှင့်ငိုသည်။ သူ့ကို နှစ်သိမ့်ပေးလိုသော သူ့အဖေက “ကယ်လ်ဗင်၊ သားနာကျင်ရအောင် အဖေဘာမှ မလုပ်မှာကို သားသိပါတယ်”ဟု ဆိုခဲ့သည်။ အဖေက သားအား ပလာစတာ ခွာရမည်ကို ကြောက်သည်ထက် သူ့ကို ပိုမို၍ ယုံကြည်စိတ်ချစေလိုသည်။
စိတ်ပင်ပန်းရမှုများနှင့် ရင်ဆိုင်ရသည့်အခါ (၄) နှစ်အရွယ်ကလေးများကသာ အားနည်းတတ်သည်မဟုတ်ပါ။ ခွဲစိတ်ကုသမှုများ၊ ချစ်ရသူများနှင့်ခွဲရခြင်းများ၊ စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အခြားအခြားသောအရာများကြောင့် ကျွန်တော်တို့ ကြောက်ရ၊ သက်ပြင်းချရ၊ ငိုရ၊ ညည်းညူရပါသည်။
ဒါဝိဒ်မင်းကြီး၏ အကြောက်တရားလွှမ်းမိုးရသော အခိုက်အတန့်တစ်ခုမှာ သူ့အား…
ဘုရားသခင်သည် ငါ့ကို မစကူညီသူဖြစ်သည်
ကျွန်ုပ်၏မိတ်ဆွေ Raleigh (ရော်လင်း) (၈၅) နှစ်မြောက်မွေးနေ့ နီးလာပြီဖြစ်သည်။ လွန်ခဲ့သော (၃၅) နှစ်က သူနှင့် ပထမဆုံး စတင်သိကျွမ်းစဥ်ကတည်းက သူသည် တွန်းအားပေးလှုံ့ဆော်တတ်သူဖြစ်သည်။ သူသည် အငြိမ်းစားယူပြီးသည့် အချိန်ကတည်းကပင် လက်ရေးစာမူဖြင့် စာအုပ်တစ်အုပ်ကို ရေးသားပြီးစီးခဲ့ပြီး အခြားအမှုတော်လုပ်ငန်းတစ်ခုကို စတင်နေပြီဟု မကြာမီက ပြောလာသည်။ ကျွန်တော်စိတ်ဝင်စားသွားသော်လည်း မအံ့ဩမိပါ။
သမ္မာကျမ်းစာ၌ ကာလက်သည်လည်း အသက် (၈၅) နှစ်တွင် ရပ်တန့်လိုက်ရန် အသင့်ရှိမနေပါ။ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် ဆည်းကပ်ကိုးစားခြင်းက သူ့အား တော၌ လှည့်လည်ရသည့် ဆယ်စုနှစ်ကာလများတစ်လျှောက်၊ တိုက်ခိုက်ရသည့်တိုက်ပွဲများတစ်လျှောက် သူ့ကို ထောက်မလျက် ဣသရေလလူမျိုးတို့အား ကတိထားတော်မူသည့် အမွေတော်ကို ခံစားရရန် စိတ်ချသေချာမှုရှိစေခဲ့သည်။ “မောရှေစေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်း တတ်စွမ်းနိုင်ပါ၏” (ယောရှု ၁၄:၁၁)ဟု သူပြောခဲ့သည်။ သူ…
ရွေးချယ်မှုများသည် အရေးကြီးသည်
သင်းအုပ်ဆရာ Damian (ဒေးမီယန်) ၏အချိန်ဇယားတွင် မတူညီသော ဘဝလမ်းကြောင်း ကို ရွေးချယ်ခဲ့သည့် သေလုမျောပါး လူနာနှစ်ဦးထံ သွားရောက်ရန် ရှိသည်။ ဆေးရုံတစ်ရုံ၌ မိသားစု၏မေတ္တာခံယူရသော အမျိုးသမီးမှာ သူမ၏တစ်ကိုယ်ကောင်းမဆန်ဘဲ အများအတွက် ဝန်ထမ်းခြင်းကြောင့် သူမကို လူအများက ချစ်ခင်ကြသည်။ အခြား သောသခင်ယေရှုကို ယုံကြည်သူများမှာ သူမ၏ပတ်လည်၌ စုရုံးပြီး ဝတ်ပြုဆုတောင်းကြကာ အခန်းထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ အခြားဆေးရုံတစ်ရုံ၌ ဆရာ ဒေးမီယန်၏ အသင်းသားတစ်ဦး၏ဆွေမျိုးသည်လည်း သေလုမျောပါး ဖြစ်နေ သည်။ သူ၏စိတ်နှလံုးမာကျောမှုကြောင့် ခက်ခဲသောဘဝကို ရှင်သန်ခဲ့ရပြီး၊ သူ၏ညံ့ဖျင်းသော ဆုံးဖြတ်ချက်များနှင့် မှားယွင်းမှုများကြောင့် စိတ်ပျက်အားလျော့ရသည့် သူ့မိသားစုမှာ ဖရိုဖရဲ အသက်ရှင် နေထိုင်ခဲ့ရသည်။ ကွဲပြားခြားနားသော ထိုအခြေအနေနှစ်ရပ်က ၎င်းတို့တစ်ဦးစီသည် မည်ကဲ့သို့ အသက်ရှင်ခဲ့သည်ကို နှိုင်းယှဥ်ဆင်ခြင်မိစေသည်။
ဘဝတွင် မည်သည့်အရပ်သို့ ဦးတည်နေသည်ကို မဆင်ခြင်သူတို့၏ဘဝသည် အဆင်မပြေမှု၊ မလိုလားအပ်သော၊ အထီးကျန်မှုတို့၌ ပိတ်မိနေတတ်သည်။…
ဘုရားအတွက် ကောင်းသောအမှုများလုပ်ဆောင်ခြင်း
ပုံမှန်အားဖြင့် သူပိုက်ဆံယူသွားလေ့မရှိသော်လည်း အိမ်မှမထွက်မီ သူ၏အိတ်ကပ်ထဲတွင် ငါးဒေါ်လာထည့်သွားရန် ဘုရားသခင် လှုံ့ဆော်နေကြောင်း ပက်ထရစ် ခံစားခဲ့ရသည်။ သူအလုပ်လုပ်သည့်ကျောင်း၏ နေ့လည်စာစားချိန်တွင် အရေးကြီးသော လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးရန် ဘုရားသခင် သူ့အား ပြင်ဆင်ထားခဲ့ကြောင်းကို သူနားလည်ခဲ့သည်။ ဆူညံနေသည့် နေ့လည်စာစားသောက်ခန်းထဲတွင် “(အကူအညီလိုအပ်နေသောကလေး) Scotty (စကော့တီ)က သူ၏အကောင့်ထဲကို ငါးဒေါ်လာထည့်ဖို့ လိုနေတယ်။ အဲဒါမှ ကျန်တစ်ပတ်တာလုံး သူနေ့လည်စာ စားလို့ရမယ်” ဟူသောစကားကို သူကြားလိုက်သည်။ စကော့တီကို ကူညီရန် ပိုက်ဆံပေး လိုက်ချိန်တွင် ပက်ထရစ်ခံစားခဲ့ရသည့် စိတ်ခံစားချက်ကို မြင်ယောင်ကြည့်လိုက်ပါ။
တိတုဩဝါဒစာတွင် ရှင်ပေါလုသည် သခင်ယေရှုကို ယုံကြည်သူများအား “(သူတို့)ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် ” (၃:၅) သူတို့ ကယ်တင်ခြင်း ခံရခြင်း မဟုတ်ကြောင်း၊ သို့သော် သူတို့သည် “ကောင်းသောအကျင့်တို့ကို အမြဲ ကျင့်အံ့သောငှာ သတိပြုရကြမည်”ဖြစ်ကြောင်း (:၈၊ ၁၄ ကိုရှု)…
ဘုရားသခင် အသစ်ပြုပြင်ပေးရန် အချိန်တန်ပြီ
မိတ်ဆွေတစ်ဦးမှ စာနှင့်တွဲပို့လိုက်သည့်ဓာတ်ပုံများသည် အံ့မခန်းပင်။ သူ၏ဇနီးအတွက် အံ့အားသင့်ဖွယ်လက်ဆောင် ဓာတ်ပုံများတွင် ပြန်လည်ပြုပြင်ထားသော ၁၉၆၅ ခုနှစ်ထုတ် Ford Mustang ကားကြီးသည် တောက်ပလျက် အပြင်ပိုင်း နက်ပြာရောင်၊ လင်းလက်သော သံထည်အနားကွပ်များ၊ အတွင်းပိုင်း၌ အနက်ရောင်ဖြင့် ပြန်လည်ပြင်ဆင်ပြီး၊ အခြားအဆင့်မြင့်မွမ်းမံမှုများနှင့် ကိုက်ညီအောင် မော်တာတစ်လုံးဆင်ထားသည်။ ထိုကား၏ ဓါတ်ပုံ“ဟောင်း”မှာ မှုန်မှိုင်းဟောင်းနွမ်းပြီး အထင်ကြီးစရာမရှိသော ဝါကျင့်ကျင့်အရောင်နှင့် ဖြစ်သည်။ ကားအသစ်ဘဝတုန်းက ၎င်းသည် အမြင်ကို ဖမ်းစားနိုင်ခဲ့ပါလိမ့်မည်။ သို့သော် အချိန်တိုက်စားမှု၊ ယိုယွင်းပျက်စီးမှုနှင့် အခြားအကြောင်းများကြောင့် ၎င်းကို အသစ်ပြန်လည်ပြောင်းလဲရန် အချိန်တန်လေပြီ။
အသစ်ပြန်လည်ပြောင်းလဲရန်အတွက် အချိန်တန်ပါပြီ။ ဆာလံ ၈၀ တွင် ဘုရားသခင်၏လူမျိုးများ၏ အခြေအနေမှာ ထိုသို့ဖြစ်နေခဲ့ပြီး ထပ်တလဲလဲဆုတောင်းသောအချက်မှာ “အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်” ဟူ၍ဖြစ်သည် (:၃၊…
သောကပွားစိတ်ဝိညာဉ်၊ ရိုးသားသောဆုတောင်း
၁၉၅၇ ခုနှစ် ဇန်နဝါရီလတွင် သူ၏နေအိမ်၌ ဗုံးမပေါက်ကွဲမီ သုံးရက်အလိုတွင် ဒေါက်တာ Martin Luther King Jr. (မာတင်လူသာကင်း ဂျူနီယာ)သည် သူ့ဘဝတစ်လျှောက်လုံး အမှတ်ရစေမည့်အရာနှင့် ကြုံတွေ့ခဲ့ရသည်။ ခြိမ်းခြောက်သော ဖုန်းခေါ်ဆိုမှုကို ရရှိပြီးနောက် ကင်းသည် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုမှ လွတ်မြောက်နိုင်မည့်နည်းဗျူဟာကို တွေးနေခဲ့သည်။ ထို့နောက် သူ၏ဝိညာဉ်မှ ဆုတောင်းခြင်းများထွက်ပေါ်လာသည်။ “မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်တဲ့အရာအတွက် ရပ်တည်နေပါတယ်။ ဒါပေမဲ့ အခုကျွန်တော်ကြောက်နေပြီ။ ကျွန်တော့်ဆီမှာ ဘာမှ မကျန်တော့ဘူး။ ကျွန်တော်တစ်ယောက်ထဲ မရင်ဆိုင်နိုင်တဲ့အဆင့်ကို ရောက်နေပြီ။” သူဆုတောင်းပြီးသောအခါ တည်ငြိမ်သောယုံကြည်စိတ်ချမှုကို ခံစားရပြီး၊ “ချက်ချင်းဆိုသလိုပဲ ကျွန်တော့်ရဲ့ ကြောက်ရွံ့မှုတွေ ထွက်သွားတယ်။ ကျွန်တော့်ရဲ့မရေရာမှုတွေ ပျောက်သွားတယ်။ ကျွန်တော် ဘယ်အရာကိုမဆို ရင်ဆိုင်ဖို့အသင့် ဖြစ်နေပြီ”ဟု ကင်း ရေးမှတ်ခဲ့သည်။
ရှင်ယောဟန်ခရစ်ဝင် ၁၂ တွင် သခင်ယေရှုက “ငါသည် စိတ်နှလုံးပူပန်ခြင်းရှိ၏” ဟုဝန်ခံခဲ့သည်…
ဘုရားသခင်ကောင်းမြတ်ခြင်းအကြောင်း ပြောပါ
မိမိတို့၏အသက်တာ၌ ဘုရားသခင်အလုပ်လုပ်နေကြောင်းကို ဝေမျှခြင်းဟူသော သက်သေခံခြင်းအချိန်သည် ကျွန်ုပ်တို့အသင်းတော်၏ဝတ်ပြုခြင်းတွင် ပါဝင်သည့် အပိုင်းဖြစ်သည်။ ကျွန်ုပ်တို့အသင်းတော်မိသားစု၌ လူသိများသည့် အန်တီ သို့မဟုတ် အစ်မကြီး Langford (လန်းဖို့ဒ်)၏ သက်သေခံချက်သည် ချီးမွမ်းခြင်းများစွာဖြင့် ပြည့်နေသည်ဟု အများက သိမှတ်ကြသည်။ သူမ၏အသက်တာပြောင်းလဲခြင်းအကြောင်းကို ဝေမျှသည့်အခါများတွင်၊ ဝတ်ပြုစည်းဝေး၏ အချိန်ကောင်းကို သူမ ယူပြီဟု မျှော်လင့်နိုင်သည်။ သူမ၏အသက်တာကို ကြင်နာစွာ ပြောင်းလဲပေးခဲ့သော ဘုရားသခင်အား ချီးမွမ်းခြင်းများ သူမ၏ နှလုံးသားမှ ပွင့်အံထွက်လာသည်။
အလားတူပင်၊ ဆာလံ ၆၆ ကို ရေးသူသည် သူ၏လူမျိုးအတွက် ဘုရားသခင်ပြုခဲ့ပေးသည့်အရာများကို သက်သေခံစဥ် သူ၏သက်သေခံချက်တွင် ချီးမွမ်းခြင်းများ အပြည့်ဖြစ်သည်။ “ဘုရားသခင်စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြလော့။ လူသားတို့တွင် စီရင်တော်မူသောအမှုတို့သည် အံ့ဩဘွယ်ဖြစ်ကြ၏” (:၅)၊ ဘုရားရှင်၏လုပ်ဆောင်မှုများတွင် အံ့ဖွယ်ကယ်တင်လွတ်မြောက် စေခြင်း (:၆)၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း (:၉)၊ စမ်းသပ်ခြင်းနှင့်…
အားလုံးအတွက် တစ်ခုတည်းသောတံခါးပေါက်
၁၉၅၀ နှောင်းပိုင်းနှင့် ၁၉၆၀ အစောပိုင်းနှစ်များတွင် ကျွန်ုပ်ကလေးဘဝက နေထိုင်ခဲ့သည့်ပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များ၏ လုပ်ထုံးလုပ်နည်းများ သည် လူမှုရေးနှင့် လူမျိုးရေးဆိုင်ရာ သတ်မှတ်ချက်များဖြင့် တစ်သမတ်တည်း ရှိနေခဲ့သည်။ မီးဖိုချောင်အကူများဖြစ်သည့် ချက်ပြုတ်သူ မေရီနှင့် ကျွန်ုပ်ကဲ့သို့သော ပန်းကန်ဆေးသူများသည် လူမဲများဖြစ်ကြသော်လည်း ဆိုင်သို့လာစားသူ များမှာ လူဖြူများဖြစ်ကြသည်။ လူမည်းစားသုံးသူများသည် အစားအသောက် မှာယူနိုင်သော်လည်း ဆိုင်၏အနောက်ဘက်တံခါးမှသာ အစားအသောက်များ ယူဆောင်ရသည်။ ထိုသို့သောမူဝါဒများက ထိုခေတ်ကာလ၌ လူမည်းများအား ခွဲခြားဆက်ဆံမှုကို သာ၍ အားကောင်းစေခဲ့သည်။ ထိုကာလမှစ၍ ယခုအချိန်အထိ တိုးတက်မှုများစွာရှိခဲ့သော်လည်း ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသောလူများအဖြစ် တစ်ဦးနှင့်တစ်ဦးဆက်ဆံနိုင်ရန် ကျွန်ုပ်တို့ အနေဖြင့် လုပ်ဆောင်နိုင်သည့်အရာများ ရှိနေသေးသည်။
ရောမသြဝါဒစာ ၁၀:၈-၁၃ ကဲ့သို့သော ကျမ်းပိုဒ်များက အနောက်ဘက် တံခါးဆိုသည့် အရာမျိုးမရှိ ဘဲ၊ လူတိုင်းကို ဘုရားသခင်၏မိသားစု၌ ကြိုဆိုလက်ခံကြောင်း ကျွန်ုပ်တို့အား သိနားလည်စေသည်။ အပြစ်များ ဆေးကြောသန့်စင်ရန်နှင့်…
သာလွန်ထူးကဲသောကြင်နာမှု
အမြန်ရအစားအစာဆိုင်အလုပ်သမား Kevin Ford (ကယ်ဗင်ဖေါ့ဒ်) သည် (၂၇) နှစ်တိုင်အောင် တစ်ခါမျှ အလုပ်မပျက်ကွက်ဖူးပါ။ ဆယ်စုနှစ်နှင့်ချီ၍ ကြာရှည်စွာ အလုပ်လုပ်ခဲ့မှုအတွက် ဂုဏ်ပြုသည့် မပြောပလောက်သောလက်ဆောင်လေးရရှိသည်ကို သူက နှိမ့်ချစွာ ကျေးဇူးတင်သည့်အကြောင်း ပြောဆိုရိုက်ကူးထားသော ဗီဒီယိုသည် လူမှုကွန်ယက်တွင် ပျံ့နှံ့သွားသောအခါ သူ့အား ကြင်နာမှုပြရန် ထောင်နှင့်ချီသောလူတို့သည် စုဝေးစည်းရုံးခဲ့ကြသည်။ တစ်ပတ်အတွင်း ရန်ပုံငွေ ဒေါ်လာ ၂၅၀,၀၀၀ ရလာသောအခါ သူက “ဒါဟာ လက်တွေ့အကောင်အထည်ပေါ်လာတဲ့ အိပ်မက်လိုပါပဲ" ဟု ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားခံရသော ယုဒဘုရင် ယေခေါနိသည်လည်း ထူးကဲသောကြင်နာမှုမျိုးကို ခံစားခဲ့ရသည်။ ဗာဗုလုန်ဘုရင်တစ်ပါး၏ သဒ္ဓါစိတ်ကြောင့် ပြန်မလွတ်မီ ယေခေါနိသည် (၃၇) နှစ်ကြာအောင် ချုပ်နှောင်ခံခဲ့ရသည်။ ဗာဗုလုန်ဘုရင်က “ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ်၍ ချမ်းသာပေးလေ၏။ ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ရှိသောမင်းကြီးများထိုင်ရာပလ္လင်တို့ထက် ချီးမြှင့်လေ၏” (ယေ ၅၂:၃၁-…
နှိမ့်ချသော်လည်း မျှော်လင့်တတ်သော
ဝတ်ပြုကိုးကွယ်မှုအပြီးတွင် သင်းအုပ်ဆရာ၏ဖိတ်ခေါ်မှုကြောင့် Latriece (လတ်ထရီစ်)သည် ပရိတ်သတ်ရှေ့သို့ ထွက်လာခဲ့သည်။ အသင်းသားများအား မိတ်ဆက်ရန်အတွက် သူမကို ဖိတ်ခေါ်စဉ်က လေးနက်၍ အံ့ဩဖွယ်ကောင်းသောစကားများကို သူမ ပြောဆိုမည်ဟု မည်သူမျှမထင်ခဲ့ကြပါ။ သူမသည် အမေရိကန်နိုင်ငံ၊ ကန်တက်ကီပြည်နယ်မှ ပြောင်းလာသူဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တိုက်ခဲ့သော လေဆင်နှာမောင်းကြောင့် သူမ၏မိသားစုဝင် (၇) ဦးသေဆုံးခဲ့ရသည်။ “ဘုရားသခင်က ကျွန်မနှင့်အတူရှိတဲ့အတွက် ကျွန်မပြုံးနေနိုင်ပါသေးတယ်” ဟု သူမ ဆိုသည်။ ဖြတ်သန်းခဲ့ရသည့် စုံစမ်းစစ်ကြောမှုကြောင့် နာကျင်ခဲ့ရသော်လည်း သူမ၏သက်သေခံချက်က မိမိတို့၏စိန်ခေါ်မှုပြဿနာများကို ရင်ဆိုင်နေကြရသူ အသီးသီးတို့အတွက် ထိရောက်၍တန်ခိုးပါသော ခွန်အားပေးမှုဖြစ်ခဲ့သည်။
သခင်ယေရှုခံစားရသည့် ဝေဒနာတို့ကို ဖော်ပြနေသည့် ဆာလံကျမ်း ၂၂ မှ ဒါဝိဒ်မင်းကြီး၏စကားတို့သည် ဘုရားသခင်၏စွန့်ပစ်ခြင်းကို ခံစားရသော (:၁)၊ အခြားသူများ၏ရွံရှာမှုနှင့် ပြက်ရယ်ပြုမှုကိုခံရသော (:၆-၈)၊ သားရဲတိရိစ္ဆာန်တို့ ဝိုင်းထားခြင်းကိုခံရသော(:၁၂-၁၃) ပင်ပန်းနွမ်းနယ်နေသူတစ်ဦး၏ စကားများဖြစ်သည်။ သူသည်…